လော်ပန်ကုမ္ပဏီမိသားစု၏ သိန်း(၂၀၀)ကျပ် ဝိဟာရဒါန ကျောင်းအလှူတော် 🌼🌼🌼

မြတ်ဗုဒ္ဓ ၏ သာသနာတော်မြတ်ကြီး အရှည်ခံ့တည်တ့န့်စေရန်ရည်ရွယ်၍ သာသနာတော်အတွက်အထောက်အပံ့ဖြစ်စေရန်အလို့ငှါ ဦးအောင်ဝင်း+ဒေါ်ခင်ပြုံးဝင်း မိသားစု (လော်ပန်ကုမ္ပဏီ)မှ ဝိဟာရဒါန ကျောင်းအလှူတော်အဖြစ်
ရန်ကုန်တိုင်းဒေသကြီး၊အင်းစိန်မြို့၊ဘုရင့်နောင်လမ်းရှိ “ညောင်ပင်သာ ကျောင်းတိုက်”အတွင်း သီတင်းသုံး သာသနာပြုတော်မူနေသော မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာကြီး၏ ဦးစီးပဓာန နာယက ဘဒ္ဒန္တမာလာစာရ (ကမ္မာဋ္ဌာနစရိယ၊ဓမ္မာစရိယ) နယ်လှည့်မိုးကုတ်ဓမ္မကထိက ပြည်တွင်း ပြည်ပ သာသနာပြုဆရာတော်ဘုရား ကိုယ်တိုင် “မ”တည် ဆောက်လုပ် လှူဒါန်းလျှက်ရှိသော ယောဂီ(၁၅၀၀))ဆန့် “နှစ်ထပ် ဓမ္မဗိမာန်တော်ကြီး”အတွက် ဝိဟာရဒါန ကျောင်းအလှူတော်ငွေ
ပထမအကြိမ်အလှူတော်ငွေ သိန်း(၁၀၀)ကျပ်ကို(၁၇.၁.၂၀၂၁)နေ့တွင်လှူဒါန်းခဲ့ပြီး
ဒုတိယအကြိမ် အလှူတော်ငွေ သိန်း(၁၀၀)ကျပ်ကို ယနေ့(၃၁.၁.၂၀၂၁)နေ့တွင် ဆရာတော်ထံ နိဗ္ဗာန်ရည်မှန်းလှူဒါန်းပါသည်။ စုစုပေါင်းသိန်း(၂၀၀)ကျပ်လှူဒါန်းပြီးဖြစ်ပါသည်။

အလှူရှင်မိသားစုများနှင့် ဤကုသိုလ်ကောင်းမှုပွဲဖြစ်မြောက်အောင် နှိုးဆော်တိုက်တွန်းကြသူများ, ဝေယျာဝစ္စဆောင်ရွက်ကြသူများအားလုံး
- အနာရောဂါ ကင်းရှင်းကြပါစေ။
- ကိုယ်ဆင်းရဲ ကင်းကြပါစေ။
- စိတ်ဆင်းရဲခြင်း ကင်းကြပါစေ။
- တရားထူး တရားမြတ်ကို ကျင့်ကြံပွါးများ အားထုတ်၍ လွယ်ကူစွာ ရရှိနိုင်ကြပါစေ။

ငါတို့လှူဒါန်း၊ ဒါနစွမ်းကြောင့်၊ ရဟန်း ရှင်လူ၊ စိတ်မပူ၊ စင်ဖြူတရားတိုးပါစေ။
ငါတို့ကြိုးပမ်း၊ မေတ္တာစွမ်းကြောင့်၊ ရ ဟန်းရှင်လူ၊ စိတ်မပူ၊ စင်ဖြူတရားတိုးပါစေ။
နှောင့်ယှက်ရောဂါ၊ ကင်းစင်ကွာ၍၊ ကျန်းမာရွှင်လန်း၊ မေတ္တာစွမ်း၊ အေး ချမ်းကြပါစေ။
သက်ရှည်ကျန်းမာ၊ သာသနာကို၊ ညီညာလက်တွဲ၊ စောင့်ရှောက်မြဲ၊ လွန်ကဲ မေတ္တာတိုးပါစေ။
(၃၁.၁.၂၀၂၁)တနင်္ဂနွေနေ့